Dec 3, 2011

ညီမလေးဖတ်ဖို့ကဗျာ

ငါ့ရင်ဘတ်ကဗလာ
မြစ်တွေကရေသွယ်ပို့နေလို့
ပင်လယ်လို့ခေါ်နေကြတာ.............။
ငါ့ရင်ဘတ်ကဗလာ
လူတွေကပျိုးလာလာကျဲနေလို့

လယ်ကွင်းကြီးလို့အခေါ်ခံနေရတာ..။
ငါ့ရင်ဘတ်ကဗလာ
တဏှာလောဘက
တပ်မက်မှုတွေထည့်ပေးခဲ့လို့
ညီမလေးရေ..........
မင်းကိုချစ်မိခဲ့တာ......................။
အဲဒိတော့.............
ပင်လယ်ကြီးရယ်
လယ်ကွင်းကျယ်ကြီးရယ်
ညီမလေးရေ...........
မင်းရယ်ငါရယ်
တို့မျိုးဆက်သစ်တွေရယ်နဲ့ 
ဟောဒီကမ္ဘာမြေကြီးကို
ပိုပြီး...သာယာလှပလာအောင်
ထုဆစ်ကြပါစို့ ...........................။


                                   ♥♥နေ၀န်းနီ

No comments:

Post a Comment