Dec 5, 2011

ရပ်တည်မှု

ဘ၀ရဲ့စာမျက်နှာကို
တိုက်ပွဲတစ်ပွဲလိုတင်စားရင်
နိုင်သည်ဖြစ်ဖြစ်
ရှုံးသည်ဖြစ်ဖြစ်
တစ်ထစ်ဖြစ်တစ်ထစ်
တစ်ပွဲပြီးတစ်ပွဲ
ဆင်နွဲနေကြရဦးမှာ..ဟ
သေခါမှသေရော
နိမ္ဗာန်ဆိုတဲ့
စခန်းကိုမရောက်မချင်း
အရင်ကလည်းတိုက်ခဲ့ရတာပဲ
အခုလည်းတိုက်နေရတာပဲ
နောင်လည်းတိုက်ရဦးမှာပဲ
တစ်ခုပဲညီမလေးရေ
ကိုယ်ပြုသမျှထဲ
ရပ်တည်မှုတော့မပျောက်စေနဲ့

နေ၀န်းနီ

No comments:

Post a Comment