Dec 3, 2011

ရေတွေလာလာ မရောပါနဲ့

ငါ့အတွေးတွေထဲ
ရေတွေလာလာမရောပါနဲ့
ကမ္ဘာကျော်မဲ့ကဗျာတစ်ပုဒ်
ရေးထုတ်ပါရစေဦး.......။
ငါ့အချစ်တွေထဲ
ရေတွေလာလာမရောပါနဲ့
ကမ္ဘာမြေကိုအကျိုးပြုမဲ့
လူသားတွေကိုချစ်ခဲ့ပါရစေဦး..။။
ငါ့အရက်ခွက်ထဲလဲ
ရေတွေလာလာမရောပါနဲ့
အရက်ကောင်းတစ်စက်ရဲ့
အရသာလေး
မြည်းကြည့်ပါရစေဦး......။။
ငါ့အိပ်မက်တွေထဲ
ရေလာလာမရောနဲ့ဦး
ဖူးစသစ်ညီမလေးနဲ့
ချုင်မြဲတဲ့အချစ်အိမ်လေးတစ်ခု
တည်ဆောက်ပါရစေဦး
(အိပ်မက်ထဲမှာနော်...)
ငါ့.....................
ရေလာလာမရောပါနဲ့
ရေလာလာမရောနဲ့ဦး....။။


                         နေ၀န်းနီ

No comments:

Post a Comment