Dec 2, 2011

လွင့်မျောခြင်းအတွေးစများ



စိတ်ညစ်ခြင်းရဲ့


သက်ပြင်းပေါ်မှာ

ဝိဥာဉ်တစ်ခုပါသွားတယ်။ ။

တွေဝေခြင်းရဲ့

မြင်ကွင်းပေါ်မှာ

လိမ်ညာခြင်းတစ်ခုပါသွားတယ်။ ။

ဆူညံသွားတဲ့

ရထားပေါ်မှာ

ရာသီအိုတစ်ခုပါသွားတယ်။ ။

ပုံမှန်ဆိုတဲ့

ယန္တယားပေါ်မှာ

မူလီတစိခု(လိုငါ)ပါသွားတယ်။ ။

အသံမြည်တတ်တဲ့

ခုံဖိနပ်အိုပေါ်မှာ

ဝေဖန်တတ်တဲ့

ပေတံတစ်ချောင်းဟာ

ရင်ခုန်စရာမကောင်းလည်း.........

ခုံဖိနပ်သံဟာ

ပလက်ဖောင်းပေါ်မှာ

လွင့်မျောရှပ်တိုက်လိုက်ပါနေပေါ့

                                             @နေ၀န်းနီ


No comments:

Post a Comment