မှတ်တိုင်-39
ဓါတု..ပဋိဇီဝ ဓါတု..ပဋိဇီဝ
တိုင်းရင်းဆေးများနဲ့ကျားကန်ရင်း
ခန္ဓာကိုယ်ကိုဗေလင်စီညှိပြီး
ကိုယ့်အသက်ကိုယ်
ပိုးမွေးသလိုပြန်ပြီးမွေးမြူခဲ့ရ..။
ဖယောင်းတိုင်မီးတောက်အောက်မှာ
ဟင်းလင်းပြင်ဒသ-နကို
အဆုံးအစမရှိမွှေနှောက်ရှာဖွေရင်း
ခေတ်တစ်ခုကိုအပြေးအလွှားဖြတ်သန်းခဲ့ရ..။
ည........
လ........
ဘ၀......
လုံးကောက်အဓိပ္ပာယ်တွေလဲပြို
ယိုယွင်းနေတဲ့စိတ်ဓါတ်ကိုဖာထေး
လှေတစ်စင်းနဲ့...
အပူတစ်ပြင်းရေစုန်ကိုမျောခဲ့သူပါ...။
ခရီးတစက်ဝက်ရောက်ခါမှ
ဘာအတွက်လာခဲ့ရသလဲဆိုတာကို
အသေအချာပြန်သုံးသပ်ရင်း
အဖြေရှာမရတဲ့သူ
(ရှေ့တိုးမလား...နောက်ပြန်ဆုတ်မလား;)
ရှေ့သွားနေတာလား........
နောက်ပြန်သွားနေတာလား
သေချာဝေခွဲမရတဲ့သူ
မြစ်ခွဲများရဲ့လမ်းကြောင်းတိုင်းမှာ
လှေငယ်တွေများမှများ.........။
@နေ၀န်းနီ
No comments:
Post a Comment