Aug 29, 2011

ဝက်အူရစ်ပြုန်းနေတဲ့ ......နပ်ကလေး


ဘဝ ဆိုတာကိုက
ဝက်အူရစ်ပြုန်းနေတဲ့
နပ်တစ်လုံး သာပ -
ဘယ်လိုဂွနဲ့ ကျပ်ကျပ်
နေသားကျ မရပ်တည်နိုင်တော့ဘူး...။
ဒီတော့....
လည်ပတ်နေတဲ့ အင်ဂျင်ရဲ့ အဟုန်အတိုင်း
ဟိုခုန်  ဒီခုန်
ဟိုဟို ဒီဒီ ပြေးလွှားနေရင်း
ချွေးဒီးဒီ ကျနေရရှာပေါ့...။
မသေမသပ် ခေါက်ရိုးကျိုးနေရရှာတဲ့
ဘဝဆိုတဲ့ အကောင်လေးရေ.........
ဘဝဆိုတာ အစ ပြန်ရှာမတွေ့ရင်တော့
အဆုံးထိရောက်အောင်တော့ ခရီးနျင်လိုက်ဦးမှပေါ့....
တစ်နေ့တော့ မင့်နေရာမှာ
နပ်အသစ်တစ်လုံး အစားဝင်လာမှာပေါ့ကွာ.....
အဲဒိတော့မှ.....
အမြဲခုတ်မောင်းနေတဲ့ အင်ဂျင်ပေါ်မှာ
မင်းခုန်ပေါက် ပြေးလွှားမနေရတော့မှာ
<strong>တစ်ကယ်လို့ များ......
အဲဒိအချိန်ရောက်ခဲ့ရင်
မင်းလို နပ်တစ်လုံးဟာ
ဘယ်နေရကိုရောက်နေမလဲဆိုတာ
တွေးမိရဲ့လား?</strong>
နေပူကျဲကျဲ သဲပူထဲပဲရောက်နေမလား
မိုးထဲ လေထဲ ရွှံ့ဗွက်ထဲပဲကျနေမလား
ကလေးတွေ ဆော့တဲ့
ကစားစရာ ပုန်းအဟောင်းထဲမှာပဲ အသိမ်းခံရမလား
ဟိုပစ် ဒီပစ်နဲ့
လောက်လေးဂွ ထဲပဲရောက်နေလေမလား..
တစ်နေရာရာတော့ ရောက်သွားရှာမှာပဲ...လေ......။
ဒီတော့
မင့်နေရာလေးမှာ အစားဝင်မဲ့ နပ်တစ်လုံးရောက်မလာခင်တော့
ဒီနေရာလေးမှာ
မင်းပျော်အောင်နေပေတော့
ဝက်အူရစ်ပြုန်းနေတဲ့ နပ်ကလေးရေ.........။   ။

                                နေ၀န်းနီ

No comments:

Post a Comment